top of page

PROGRAMS

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

Program Name

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

BA (Hons)

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

BBA

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

ABE

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

OTHM

pierre-chatel-innocenti-Lk-nu_hX6ms-unsplash 2.png

Certificate Program

STUDENTS' TESTINOMIALS

Hlaing Su Ngone
​Director, Pone Nya Thukha Co.,Ltd

မင်္ဂလာပါ

ညီမနာမည်ကတော့ လှိုင်စုငုံ  ဖြစ်ပါတယ်ရှင်။

ညီမကတော့ ဆယ်တန်းအောင်ပြီးထဲက  AIM Institue of Management မှာ ABE(UK) Business Management Diploma ကို စတင် လေ့လာခဲ့ပါတယ်။ AIM က ဆရာကြီး ဆရာမကြီးတွေရဲ့သင်ကြားမှူကို သဘောကျလွန်းတာကြောင့်ပဲ Level 4 ပြီး Level 5 စသဖြင့် ဆက်တိုက်တက်ရောက်ခဲ့ပါတယ်။ Graduated ဖြစ်သွားပြီးတဲ့နောက်မှာ မိဘလုပ်ငန်းဖြစ်တဲ့ packaging လုပ်ငန်းကို ဦးဆောင်ခဲ့ပါတယ်။ လုပ်ငန်းကိုဦးဆောင်နေရင်းနဲ့ပဲ အပြိုင်အဆိုင်များလှတဲ့ စီးပွားရေးလောကမှာ continuous learning ဆက်ပြီးလုပ်နေသင့်တာကြောင့် PGSMနဲ့ AIM တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ IEMBA Programme ကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။ PGSMကို AIM မှာေ ရွးချယ်တက်ရောက်ဖြစ်တာကတော့ ကိုယ်ဆယ်တန်းအောင်ပြီးထဲက တက်ခဲ့တဲ့ကျောင်းလည်းဖြစ်တာမို့ ဆရာကြီး ဆရာမကြီးများရဲ့ ထိရောက်သော သင်ကြားပုံနည်းစနစ်ကိုလည်း အကြွမ်းမဲ့ယုံကြည်တာကြောင့်လည်းပါသလို PGSMဟာ ပြင်သစ်နိုင်ငံရဲ့ စီးပွားရေး တက္ကသိုလ် 250 စာရင်းတွင် ထိပ်တန်း 10 ခုတွင် ရပ်တည်နေသော ကျောင်းဖြစ်တာကြောင့် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ 

IEMBAမှာ ရရှိခဲ့တဲ့ experience တွေကတော့ ညီမအတွက် အဖိုးမဖြတ်နိူင်အောင်ပါပဲ။ သင်ကြားပေးတဲ့ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများကလည်း သီအိုရီကို သေချာနားလည်သဘောပေါက်အောင် သာမက case studyများနှင့်ပါ တွဲဖက်သင်ကြားပေးသောကြောင့် လုပ်ငန်းခွင်ထဲ၀င်တဲ့အခါမှာ သူများနှင့်မတူသော အတွေးအခေါ်သစ်များ ရှုထောင့်များဖြင့် တွေးခေါ်တတ်လာပါတယ်။  နိူင်ငံတကာလုပ်ငန်းပေါင်းများစွာရဲ့ issues ပေါင်းများစွာကို လေ့လာခဲ့ရတာမို့  စဉ်းစားတွေးခေါ်နိူင်မှုကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ issues တခုခုလုပ်ငန်းခွင်မှာ ရင်ဆိုင်ကြုံတွေ့လာရရင်တောင် တည်ငြိမ်စွာနဲ့ ရင်ဆိုင်ဖြေရှင်းနိူင်လာပါတယ်။ စာသင်ရတဲ့ ပတ်၀န်းကျင်ကလည်း ၀န်ကျင်ကောင်းလေးတခုဖြစ်ပြီး အတန်းဖော်တဦးချင်း တယောက်ချင်းစီကလည်း လုပ်ငန်းအသီးသီးမှာ ရပ်တည်နေကြတဲ့သူတွေဖြစ်တာမို့  ဗဟုသုတများ၊ networkကောင်းများ အများကြီးလည်း ရရှိခဲ့ပါတယ်။ ဒီသင်တန်းပြီးသွားတဲ့အချိန်မှာ ညီမရဲ့ စီးပွားရေးနဲ့ပတ်သက်သော စဉ်းစားတွေးခေါ်နိူင်မှု စွမ်းရည်ကလည်း ပိုမိုတိုးတက်လာပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုလည်းပိုရှိလာပါတယ်။ 

bottom of page